သစ်ပင်စိုက်ပျိုးပွဲ ၁၅၀၂ ကြိမ်တွင် ပျိုးပင်ပေါင်း ၁,၀၈၈,၀၀၀ ကျော် စိုက်ပျိုးခဲ့

0
185

ဇူလိုင်လ (၁၂) ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး ယခုနှစ်အတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ (၁၅၀၂) ကြိမ် ပျိုးပင်ပေါင်း (၁,၀၈၈,၀၀၀)ကျော် စိုက်ပျိုးခဲ့နိုင်ခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆) တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ပျဉ်းကတိုးပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း၊ မ‌ဟော်ဂနီ၊ ယမနေ စသည့်ပျိုးပင် (၁၅၀၀) စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေပြီး ရာသီဥတုမျှတသာယာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာရရှိစေသည့်အတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတဝန်းတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲ (၁၅၀၂) ကြိမ်နှင့် ပျိုးပင်ပေါင်း (၁,၀၈၈,၀၀၀)ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here