ငွေထုတ်ယူသူ များပြားနေ၍ Kpay နှင့် Wave Money ဆိုင်အချို့ပိတ်ထားမှုများရှိနေ

0
419

ဘဏ်များနှင့်ပတ်သက်၍ ကောလာဟလသတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ယူမှုများပြားလာသည့်အပြင် Kpay နှင့် Wave Money ဆိုင်များတွင်ပါ ငွေထုတ်ယူသူများပြားလာကြောင်း စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ငွေထုတ်ယူသူများပြားနေခြင်းကြောင့် အဆိုပါ K pay ၊ Wave Money ဆိုင်များတွင်လည်း ငွေထုတ်ယူရန်အခက်အခဲများရှိနေသည့်အပြင် ဆိုင်အချို့ပိတ်ထားမှုများရှိနေသလို မထုတ်ပေးသည့်ဆိုင်များကိုလည်း မြင်တွေ့ခဲ့ရသည်။

” ငွေထုတ်တဲ့သူက အရမ်းများနေလို့ ခဏပိတ်ထားတာပါ။ ရက်နည်းနည်းကြာရင်တော့ ဝန်ဆောင်မှုပြန်ပေးပါမယ်။ စိုးရိမ်မှုလွန်ကဲပြီးလာထုတ်ကြတာ။ အဲဒါကြောင့်ပါ”ဟု Kpay နှင့် Wave Money အေးဂျင့်ဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် Kpay နှင့် Wave Money အေးဂျင့်ဆိုင်အချို့သည် ငွေထုတ်ခကို ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေကြောင်း ငွေထုတ်ယူသူများ၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များ၌ ငွေထုတ်ရန် အခက်အခဲဖြစ်နေသည့်အပြင် ငွေလွှဲငွေထုတ်လုပ်သည့် ကိုယ်စားလှယ်ဆိုင်များတွင်ပါ ငွေထုတ်ရန် အကန့်အသတ်များရှိလာကြောင်း၊ ကိုယ်စားလှယ်ဆိုင်များအနေဖြင့်လည်း ဘဏ်ကငွေပြန်ထုတ်လို့မရသည့် အခြေအနေများကြောင့် ယခုလိုကန့်သတ်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်များသို့ ယခုပိတ်ရက်များတွင်လည်း ငွေပို့ပေးနေကြောင်းသတင်းများထွက်ပေါ်နေသဖြင့် ဖွင့်ရက် တနင်္လာနေ့ကို စောင့်ကြည့်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here