မိုးတွင်းကာလတွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ကွန်တိန်နာသင်္ဘောဖြင့် ပြောင်းလဲတင်ပို့မည်

0
192

ရန်ကုန်ဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ပုံတင်သင်္ဘောစနစ်ဖြင့်သာ ဆောင်ရွက်ခဲ့ရာမှ ယခုမိုးတွင်းကာလအတွင်း ကွန်တိန်နာသင်္ဘောစနစ်ဖြင့် ပြောင်းလဲတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းကို တင်ပို့ခြင်းဖြစ်ကြောင်း ယင်းသို့တင်ပို့ရာတွင် တာချီလိတ်စပ်ကုန်သွယ်ရေးဇုန်၊ ရနောင်းဆိပ်ကမ်းနှင့် လန်ချာဘန်းဆိပ်ကမ်းတို့သို့ တင်ပို့ကြောင်း သိရသည်။

ယခင်က ပုံတင်သင်္ဘောစနစ်ဖြင့်သာတင်ပို့ခြင်းဖြစ်ပြီး မိုးတွင်းကာလဖြစ်သည့်အတွက် ကွန်တိန်နာသင်္ဘောစနစ်ဖြင့်တင်ပို့ခြင်းဖြစ်ကြောင်း ကွန်တိန်နာသင်္ဘောစနစ်ဖြင့်တင်ပို့ရာတွင် ကုန်ကျစရိတ်ပိုကုန်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသို့ ယခုနှစ်တွင် ပြောင်းတန်ချိန် (၅) သိန်းတင်ပို့ရန် လျာထားကြောင်း ယခုအခါ လစဉ်တန်ချိန် (၂) သိန်းခန့်တင်ပို့နေပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့်တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ပြောင်းကို ထိုင်း၊ ဗီယက်နမ်၊ ဘရူးနိုင်း စသည့် အာဆီယံနိုင်ငံများသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက်လည်း ကြိုး စားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here