ပြည်ပရောက် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ပေးပို့ရန် အေဂျင်စီ (၄၀၀) နီးပါးကျန်ရှိနေဟုဆို

0
107

ပြည်ပသို့ စေလွှတ်ထားသည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ပေးပို့ရန် အေဂျင်စီ (၄၀၀)နီးပါးကျန်ရှိနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိ ပေးကြေညာထားသည်။

ပြည်ပသို့ စေလွှတ်ထားသည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ကို ပေးပို့ရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း ၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပေးပို့ရန်ပျက်ကွက်သည့် အေဂျင်စီ (၃၈၈) ခုရှိကြောင်း သိရသည်။

ယင်းကဲ့သို့ မပေးပို့ရခြင်းမှာ အေဂျင်စီများအနေဖြင့်အလုပ်သမားများ၏ ကိုယ်ရေးအ ချက်အလက်ကို စာရင်းပြုစုရာတွင် အခက်အခဲများရှိနေကြောင်း အချို့သောအလုပ်သမားများသည် ဆက်သွယ်၍မရခြင်း၊ အလုပ်ပြောင်းသွားခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီ ၅၇၀ နီးပါးရှိနေပြီး စာရင်းမပေးပို့သည့် အေဂျင်စီအရေအတွက် ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ လုပ်ခလစာငွေများ တရားဝင်လမ်းကြောင်းမှ ပြန်လည်ရောက်ရှိစေရေးကို ကြပ်မတ်ဆောင်ရွက်ရန် အေဂျင်စီများကို အလုပ်သမားဝန်ကြီးဌာနမှ သတိပေးပြောကြားထားပြီး ဝန်ကြီးဌာနအနေဖြင့် စေလွှတ်စာရင်းအရ မှတ်တမ်းတင်ထားပြီး မိသားစု လွှဲပို့ငွေပြန်ပို့ခြင်း ရှိ၊ မရှိ စိစစ်နေကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်ကပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here