ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတစ်ဆင့် ဒေါ်လာ(၅)သန်းရောင်းချပေးခဲ့

0
133

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ကို ဇူလိုင် (၁၀) ရက်တွင် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် ဒေါ်လာများကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၄၆၀၀ ကျော်အထိမြင့်တက်ခဲ့ပြီး လက်ရှိတွင် ၄၉၀၀ ကျော်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ (၄) ရက်တွင်လည်း ပြင်ပငွေကြေးဈေးကွက်အတွင်း ‌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေချိန် စားသုံးဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေဩဇာ တင်သွင်းသူများအား ဒေါ်လာ ၅ ဒသမ ၄ သန်းထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း Online Trading Platform မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးထားခြင်းကြောင့် ယခုဇူလိုင်လ (၁) ရက်မှ (၃) ရက်အတွင်း ဒေါ်လာ နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform၊ အခြားနိုင်ငံခြားငွေကြေးဈေးကွက်၊ ကျပ်ငွေအပေါင်ယူကာ နိုင်ငံငွေရောင်းချပေးမှု၊ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအား နည်းလမ်းမျိုးစုံဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို အဓိက ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Online Trading Platform မှတစ်ဆင့် ငါးလအတွင်း (၁၅) ကြိမ်ရောင်းချပေးထားပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၄၁ သန်း၊ တရုတ်ယွမ် ၃၁ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၂၃၆ သန်း ‌ရောင်းချထားပြီးဖြစ်ကာ၊ ယခုအခါ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့်ဒေါ်လာများထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here