ဂျော့ရှူးအာဗန် တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်

0
130

UFC က စီစဉ်ပြုလုပ်သည့် Fightnight Prilims ပွဲစဉ်အတွင်း ချင်းတိုင်းရင်းသား ဖိုက်တာ ဂျောရှုအာဗန်မှာ အမေရိကန်နိုင်ငံသား ချားစ်ဂျွန်ဆင်ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ပွဲစဥ် ပထမအချီ၌ ဂျောရှုးအာဗန်သည် ပြိုင်ဘက်ကစားသမားအား တိုက်ခိုက်ရေးနည်းစနစ်အစုံဖြင့် အသာစီး ထိုးသ-တ်နိုင်ခဲ့သော်လည်း ပွဲပြတ်သွားနိုင်လောက်သည်အထိ မ ထိုးသ-တ်နိုင်ခဲ့ပေ။

ဒုတိယ ပိုင်းပွဲချိန်တွင် ပြိုင်ဘက် ကစားသမားဘက်မှ တိုက်ခိုက်နည်းပုံစံပြောင်း၍ ယှဉ်ပြိုင်ခဲ့ပြီးနောက် တတိယပွဲချိန် (၁)မိနစ်အချိန်အတွင်း ချားစ်ဂျွန်ဆင်၏ ပင့်လက်သီးကြောင့် ဂျော့ရှူးအာဗန်မှာ ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ဂျော့ရှူးအာဗန်သည် ယခုရှူံးနိမ်ခဲ့ရသည့် ပွဲစဉ်အပါအဝင် (၄)ပွဲထိုးထားပြီး (၃)ပွဲနိုင် (၁)ပွဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ UFC ပွဲစဉ်တစ်လျှောက် ပထမအကြိမ်ရှူံးပွဲကြုံခဲ့ရခြင်းလည်းဖြစ်သည်။

“ကျွန်တော် တောင်းပန်ပါတယ်၊ အားအင်အပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်” ဟု ဂျော့ရှူးအာဗန်က သူ့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပရိတ်သတ်အပေါ် ‌တောင်းပန်စကားဆိုထားသ ည်။

အနိုင်ရရှိခဲ့သည့် ချားဂျွန်ဆင်သည် အသက် (၃၃) နှစ်အရှယ်ရှိပြီး အရပ် (၅ )ပေ (၉) လက်မ ရှိကာ ဂျောရှုးအာဗန်မှာ အသက် (၂၂) နှစ်သာရှိပြီး အရပ် (၅) ပေ (၅) လက်မ ရှိသူတို့ဖြစ်ကြောင်း UFC၏ ကစားသမား မှတ်တမ်းများအရ သိရသည်။

ဂျော့ရှူးအာဗန်မှာ ပြိုင်ဘက်ကစားသမားဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားခဲ့ရသည့် အကြိမ်(၄)ကြိမ်ကြုံတွေ့ထားသူဖြစ်ပြီး ယခု ပွဲစဉ်တွင် အမေရိကန်နိုင်ငံသား ချားဂျွန်ဆင်ဖြင့် ပွဲဦးထွက် ထိုးသ-တ်ခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here