ဘီလျံနာ ဘီလ်အက်ခ်မန်း က အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ထရမ့်ကို ထောက်ခံ

0
143

အမေရိကန် ဘီလျံနာတစ်ဦးဖြစ်သူ ဘီလ်အက်ခ်မန်းက အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း ယနေ့တွင် ပြောကြားလိုက်သည်။

ယနေ့ နံနက် အစောပိုင်းက မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း သမ္မတဟောင်း ထရမ့် ၏ညာဘက်နားရွက်ထိပ်ဖျား ‌ေ-သနတ်ထိမှန်ခံရပြီးနောက် ဘီလ်အက်ခမန်းက “ကျွန်တော် သူ့ကို ထောက်ခံပါတယ်” ဟု ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် တင်ခဲ့ခြင်းဖြစ်သည်။

“ခင်ဗျား ကျုပ်အကြောင်းသိပါတယ်။ အရေးကြီးတဲ့အကြောင်းအရာတွေအတွက်ဆိုရင်သာ ပို့စ်အရှည်ကြီးရေးလေ့ရှိတာပါ။ လူတွေကို ငါ့ရဲ့တွေးခေါ်ပုံကို နားလည်စေချင်တယ်၊ ဒါကြောင့် အဲဒါက ပိုအဓိပ္ပာယ်ရှိပြီး တခြားသူတွေကို နေရာမှန်ရောက်အောင် ကူညီပေးမှာလေ” ဟု Ackman က X အသုံးပြုသူတစ်ဦးကို တုံ့ပြန်ပြောကြားခဲ့သည်။

အက်ခ်မန်းသည် မကြာသေးမီဖြစ်သည့် မေလကတည်းက ထရမ့်ကို ထောက်ခံရန် စဉ်းစားခဲ့ပြီး X၊ Reuters နှင့် အခြားသော မီဒီယာများတွင် ၎င်း၏ ထောက်ခံမှုကို ကြေညာရန် စီစဉ်ခဲ့သည်။

အမေရိကန် ဘီလျံနာတစ်ဦးဖြစ်သူ အီလွန်မတ်စ်ကလည်း ထရမ့်ရွေးကောက်ခံရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့ကို ငွေကြေးများ မကြာမီကပင် လှူဒါန်းခဲ့ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

Forbes မဂ္ဂဇင်းကြီးအဆိုအရ ဘီလ်အက်ခမန်းသည် ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလျံမျှ ကြွယ်၀သည်ဆို၏။


LEAVE A REPLY

Please enter your comment!
Please enter your name here