U-12 အသင်းဖွဲ့စည်းရန် ရန်ကုန်နှင့် မန္တလေးမှ လူငယ်ကစားသမား (၂၀၀)ကျော် လာရောက်ရွေးချယ်ခံ

0
159

ယခုနှစ် U-12 Scouting Tour 2024 တွင် ရန်ကုန်-မန္တလေးရှိ ယူ-၁၂ လူငယ်ကစားသမား (၂၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။

ယခုလ ဇူလိုင် (၁၂) ရက်နှင့် (၁၃) ရက်တွင် မန္တလေးဇုန် အသီးသီးမှ လူငယ်ကစားသမား (၁၀၆) ဦးလာရောက်ရွေးချယ်ခံခဲ့ကြသလို ရန်ကုန်ဇုန်တွင်လည်း ဇူလိုင် (၁၂)ရက်မှ (၁၄) ရက်အထိ ကစားသမား(၁၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြရာ စုစုပေါင်း ကစားသမား (၂၀၀) ကျော် လာရောက်ရွေးချယ်ခံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လူငယ်ကစားသမားများကို အပြီးသတ်ရွေးချယ်မှုများ ဆက်လက်ပြုလုပ်၍ မြန်မာ ယူ-၁၂ အသင်းဖွဲ့စည်း သွားမည်ဖြစ်ကာ ရွေးချယ်ခံကစားသမားများအား စုစည်းလေ့ကျင့်မှုများ ပြုလုပ်၍ နိုင်ငံတကာ ဖိတ်ခေါ်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခင်နှစ်ကလည်း ယူ -၁၂ ရွေးချယ်ပွဲများပြုလုပ်၍ အသင်းဖွဲ့စည်းကာ ဧရာဝတီဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် နိုင်ငံတကာ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယူ-၁၂ လူငယ်များအနေဖြင့် ပြိုင်ပွဲ ပြီးဆုံးသည့်အခါ ဂျပန်နိုင်ငံ အထင်ကရ နေရာများ လည်ပတ်ခြင်း၊ ဂျေလိဂ်ပြိုင်ပွဲ ကြည့်ရှု့ခြင်းနှင့် လေ့လာခြင်းစသည့် အစီအစဉ်များ ပြုလုပ်ပေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here