မုံရွာမြို့တွင် မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

0
94

မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ဇူလိုင်လ (၁၃)ရက် နံနက်ပိုင်းက အေးသာယာရပ်၊ အောင်မြေလောကဘုန်းကြီးကျောင်း ဓမ္မာရုံတွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခဲ့သည်။

ရပ်ကွက်နေပြည်သူများအတွက် နိုင်ငံသားဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်ပေးနေမှုအခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းအောင် က ရှင်းလင်းပြောကြားသည်။

မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အုန္နဲပင်လမ်းနှင့် ကမ်းနားလမ်း၊ လမ်းသွယ်ကြား မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော အိမ်ခြေ(၁၇) လုံးတို့မှ မီးဘေးသင့် ပြည်သူများအနက် အိမ်ထောင်စု (၁၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၁၈)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း (၄၈)ဦး တို့အား အမြန် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ပျောက်ဆုံးပျက်စီးသွားတဲ့ အိမ်ထောင်စုနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်”ဟု မီးဘေးသင့်သူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here