နေတိုးကြေငြာချက် မြောက်ကိုရီးယားရှုံ့ချ

0
126

ဆိုးလ်၊ဇူလိုင် ၁၃

မြောက်ကိုရီးယားသည် ရုရှားကို လက်နက်ရောင်းချနေသည်ဟု နေတိုးအဖွဲ့ဝင်နိုင်ငံများက ထိပ်သီးအစည်းအဝေး၌ ကြေငြာချက်ထုတ်ပြန်ခဲ့ရာ ပြုံယမ်းက အဆိုပါကြေငြာချက်ကို ရှုံ့ချခဲ့ပြီး ကြေငြာချက်သည် တရားမဝင်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မကြာသေးမီးက ကျင်းပပြီးစီးခဲ့သည့် နေတိုးအဖွဲ့၏ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်များက မြောက်ကိုရီးယားသည် ယူကရိန်းစစ်၌ ရုရှားကို လက်နက်ရောင်းချပေးကာ မီးလောင်ရာလေပင့်နေသည်ဟုပြောကြားခဲ့သည်။

ယင်းနောက်နေတိုးခေါင်းဆောင်များက ရုရှားကို တရုတ်က စက်မှုဆိုင်ရာပံ့ပိုးမှုနှင့်ပတ်သက်၍လည်း အလွန် စိုးရိမ်မကင်း ဖြစ်ကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့သည်။

ပြုံယမ်းသည် ရုရှားကို လက်နက်ထောက်ပံ့ပေးနေသည်ဟူသောစွပ်စွဲချက်ကို အခိုင်အမာငြင်းဆိုထားသော်လည်း ပြီးခဲ့သည့်ဇွန်လကမူ မော်စကိုနှင့်ပြုံယမ်းတို့သည် နှစ်နိုင်ငံအနက် တစ်နိုင်ငံကတိုက်ခိုက်ခံရပါက စစ်ရေးအကူအညီပေးရန်သဘောတူစာချုပ်ကိုလည်းချုပ်ဆိုခဲ့ကြသေးသည်။

Source : အေအက်ဖ်ပီ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here