ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၂၅) ကျောင်း ယာယီပိတ်ထားရ

0
295

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း (၂၅) ကျောင်း အထိ ယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသ ည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန် အခြေခံ ပညာ စာသင်ကျောင်း (၁၈)ကျောင်း ယာယီ ပိတ်ထားခဲ့ရာမှ ဇူလိုင် (၁၂) ရက်တွင် စာသင်ကျောင်း (၇) ကျောင်း၌ မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ထပ်မံ ပိတ်ထားခဲ့ရကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ထပ်မံပိတ်ထားရသည့် ကျောင်းများမှာ ပေါင်လောင်ရှင်၊ နှုံးပိုကုန်းနှင့် ကုက္ကိုလှကျေးရွာများမှ အခြေခံပညာမူလတန်းကျောင်း (၃)ကျောင်း၊ ကုက္ကိုတန်း၊ ကင်မွန်ခါးနှင့် ကျည်းပင်ခုံကျေးရွာများမှ အခြေခံပညာမူလတန်း(လွန်)ကျောင်း (၃) ကျောင်း၊ အနောက်နံဂါတ်ကျေးရွာမှ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း (၁)ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း (၇)ကျောင်း ထပ်မံ ပိတ်လိုက်ရကြောင်း သိရသည်။

ယနေ့အချိန်ထိ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာမူလတန်း (၁၇) ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) (၇)ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ) (၂)ကျောင်း၊ အခြေခံပ ညာအလယ်တန်း(တွဲဖက်) (၁)ကျောင်း၊ အခြေခံပညာအလယ်တန်း (၃)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) (၁) ကျောင်း၊ အခြေခံပညာအထက်တန်း (၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်း ဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းများရှိ ဆရာ/ ဆရာမ (၁၈၈) ဦး၊ ကျောင်းသား/ကျောင်းသူ (၄၈၇၆) ဦး၊ စုစုပေါင်း (၅၀၆၄) ဦးတို့ ဘေးအန္တရာယ်ကင်းဝေးစေရေး မြစ်ရေပြန်လည်ကျဆင်းသည်အထိ ကျောင်းများကို ယာယီပိတ်ထားမည် ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေး စနစ်တကျ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here