တန်းတက်အသင်းတစ်သင်းဖြစ်သည့် ဒဂုံပေါ့စ်အသင်းအား ဧရာဝတီယူနိုက်တက်အသင်း ရှူံးနိမ့်

0
120

ယနေ့ ဇူလိုင်(၁၄)ရက် ညနေ (၃)နာရီခွဲအချိန်က Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့စ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ၊ တန်းတက်အသင်းတစ်သင်းဖြစ်သည့် ဒဂုံပေါ့စ်အသင်းအား ဧရာဝတီယူနိုက်တက်အသင်း (၂)ဂိုး (၁)ဂိုးဖြင့် ရှူံးနိမ့်ခဲ့သည်။

ပွဲစဉ်အား ဧရာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ဒဂုံပေါ့စ်အသင်းသည် ယခုနှစ်အတွင်းတန်းတက်လာသည့် အသင်းတစ်သင်းဖြစ်‌သော်လည်း အင်အားကြီး ဧရာဝတီယူနိုက်တက်အသင်းအား ၎င်း၏ အိမ်တွင်းမှာပင် ခြေစွမ်းပြကစားခဲ့ခြင်းလည်းဖြစ်သည်။

ပွဲစဉ်အတွင်း AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို Dagon Port အသင်းမှ ရှေ့တန်းတိုက်စစ်မှူး Mogou က ရရှိခဲ့ပြီး၊ Mogou သည် အဆိုပါ ဆုကို ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်လည်းဖြစ်သည်။

Myanmar National League 2024- 2025 အမှတ်ပေးဇယားရပ်တည်မှု စာရင်းများ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here