အာဇာနည်ဗိမာန်သို့ လာရောက်မည့် မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးချက်အားလိုက်နာရန် ထုတ်ပြန်ထား

0
226

အာဇာနည်ဗိမာန်သို့ လာရောက်မည့် မိဘပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ အသိပေးချက်အားလိုက်နာရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် လက္ခဏာများဖြစ်ပွားလာပါက အခမ်းအနားသို့ လုံးဝလာရောက်ခြင်းမပြုရန် အသိပေးထားသည်။

ထို့ပြင် ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဖော်ပြထားသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန်တို့ကို အသိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here