ဆင်‌ေ-သကြိုးဝိုင်း ဧရိယာတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲ

0
101

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်‌ေ-သကြိုးဝိုင်းအတွင်းရှိ တောနိမ့်၊တောပါး၊ တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မိုးရာသီ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ် ဆင်‌ေ-သချောင်း ရေဝေရေလဲဧရိယာအတွင်းအထက် ဆင်‌ေ-သကြိုးဝိုင်း အကွက်အမှတ် (၅၆) ရှိ နေရာ (၁) နေရာ၊ ဧရိယာ ၁၀ ဒသမ ၅ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၉)မျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့် သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း ၁၀၀,၀၀၀ ကို ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်။

သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး (၆၀ ရာနှုန်း) နှင့် အများဆုံး (၉၀ ရာနှုန်း) ပေါက်ရောက်ပြီး အပင်ပေါက်ရောက်မှုရာခိုင်နှုန်း ကောင်းမွန်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့်သစ်မျိုး (၉)မျိုးကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံးတစ်လုံးလျှင် သစ်စေ့(၃)စေ့မှ (၅)စေ့အထိ ထည့်သွင်းထား‌ကြောင်း သိရသည်။

သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ်ရှိ ဆင်‌ေ-သချောင်းရေဝေရေလဲဒေသအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှုအခြေအနေစာရင်း ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here