စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာ (၅၄၁၅) ကျပ်သတ်မှတ်

0
350

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင်စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၅၄၁၅)ကျပ် အဖြစ် ရည်ညွှန်းသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ ဇွန် (၁၅) ရက်မှ (၂၁) ရက် အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ကဈေးနှုန်းထက် တစ်ပိဿာလျင် (၂၅) ကျပ် ဈေးမြင့်လာခြင်း ဖြစ်သည်။

အစိုးက အပတ်စဉ် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိ သော်လည်း လက်ရှိ ပြင်ပလက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပိဿာ (၁၂၀၀၀)ကျပ်မှ (၁၃၀၀၀) ကျပ်ဝန်းကျင် ရောင်းဝယ်လျက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here