ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်မီးလောင်သည့်အတွက် (၆)ဦး အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသား (၂)ဦး ဒဏ်ရာပြင်းထန်

0
203

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ်၊ပြည်ထောင်စုလမ်းမကြီးတွင် (၁၂)ဘီးယာဉ်နှင့် Toyota Succeed ယာဉ်တို့ တိုက်မိပြီး Toyota Succeed ယာဉ်မှာ မီးလောင်ကျွမ်းခဲ့သည့်အတွက် ယာဉ်ပေါ်ပါ (၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၂)ဘီးယာဉ်မှ အမျိုးသား (၂)ဦးမှာ (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၁၅) ရက်၊ နံနက် (၈)နာရီ (၄၅)မိနစ်အချိန်က ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့ (အထက်) ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁/၄)နှင့်(၁၁/၅)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကို သတင်းအရ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၉)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြှိမ်းသတိနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် Toyota Succeed ယာဉ်ပေါ်မှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၂)ဘီးယာဉ်မှ အမျိုးသား (၂)ဦးမှာ (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ တိုင်းနေလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here