အမြန်လမ်းရှိ ယာဉ်ရပ်နားစခန်း (၄)ခု မြေနေရာများကို ဈေးပြိုင်အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ငှားမည်

0
246

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ယာဉ်ရပ်နားစခန်း (၄) ခုရှိ မြေနေရာများ၊ အမြန်လမ်းမကြီးဘေးရှိ သန့်စင်ခန်းများကို ဈေးပြိုင်အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ငှားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မြေနေရာများသည် ပြန်လည်အပ်နှံထားသည့် မြေနေရာများနှင့် ငှားရမ်းမှုမရှိသေးသည့် မြေနေရာများလည်း ဖြစ်ကာ ငှားရမ်းလိုသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

လက်ရှိငှားရမ်းမည့် နေရာများသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ (ပေ ၁၀၀x ၁၀၀) ပတ်လည်ရှိသည့် နေပြည်တော် Rest Camp (အသွား/အပြန်)၊ ပေ(၁၀၀ x ၂၀၀) ရှိသည့် သီးကုန်း Rest Camp (အပြန်)၊ ပေ (၂၀၀ x ၁၀၄) ရှိ စကားအင်း Rest Camp (အသွား) ၊ 76 Mile Mini Rest Camp(အသွား)၊ မိုင်(၁၅၈/၄)အသွား၊ မိုင် (၂၄၃/၀)အသွား/အပြန်၊ မိုင်(၂၈၄/၅) အသွား၊ မိုင် (၃၁၇/၂)(အသွား)၊ မိုင် (၃၅၂/၂) (အပြန်) တို့ရှိ သန့်စင်ခန်း (၆)နေရာ တို့ပါဝင်နေသည်။

ထို့ကြောင့် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီသို့ ဆက်သွယ်နိုင်ကာ တင်ဒါလျှောက်လွှာများကို ဇူလိုင် (၁၅)ရက်တွင် ရုံးအမှတ် (၁၁) နေပြည်တော်၌ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တင်ဒါတင်သွင်းရက်ကိုလည်း ဩဂုတ်လ (၉)ရက် ညနေ (၄) နာရီ သတ်မှတ်ထားပြီး တင်ဒါပြန်လည်ဖွင့်လှစ်မည့် ရက်နှင့် အချိန်ကို ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here