ထရမ့်ပ်လုပ်ကြံခံရပြီးနောက် စည်းလုံးညီညွတ်ကြရန် ဘိုင်ဒင်နှင့်ထရမ့်ပ်တို့တောင်းဆို

0
257

ဘတ်တလာ၊ဇူလိုင် ၁၅

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကိုလုပ်ကြံမှုသည် FBI က ပြည်တွင်းအကြမ်းဖက်မှုဟုယူဆပြီး စစ်ဆေးဆောင်ရွက်နေချိန်၌ ထရမ့်ပ်နှင့်ဘိုင်ဒင်တို့သည် အမေရိကန်များကို ပိုမိုစည်းလုံးညီညွတ်ရန်တောင်းဆိုလိုက်ကြောင်းသိရသည်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၌ပြုလုပ်သည့်မဲဆွယ်ပွဲအတွင်း သမ္မတဟောင်းထရမ့်ပ် ကိုလုပ်ကြံခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လုံခြုံရေးလျော့နည်းမှုအတွက်လည်း အပြင်းအထန်ဝေဖန်ခံနေရသည်။

ထရမ့်ပ် ကို လုပ်ကြံသည့်‌ေ-သနတ်သမားသည် အသက် ၂၀ အရွယ်သာရှိသေးပြီး ၎င်းကို အ‌ေ-သ ပစ်ခတ်ဖမ်းဆီးနိုင်ကြောင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကဆိုသည်။

အမေရိကန်သမ္မတဟောင်းထရမ့်ပ်ကမူ ဆိုးရွားသည့်အရာများကိုအနိုင်မရစေသင့်ကြောင်း တနင်္ဂနွေနေ့ကပြောကြားခဲ့ပြီး ယခင်ကထက်ပိုမိုစည်းလုံးရန်လည်းအရေးကြီးသည်ဟုပြောကြားခဲ့သည်။

မစ္စတာဂျိုးဘိုင်ဒင်ကမူ စည်းလုံးညီညွတ်ရေးသည် အခက်ခဲဆုံးပန်းတိုင်ဖြစ်သော်လည်း စည်းလုံး ညီညွတ်ရေးထက် ပို၍ အရေးကြီးသည့်အရာဟူ၍ မရှိသဖြင့် အမေရိကန်များအနေဖြင့် ယခုထက်ပို မို စည်းလုံးကြရန်တောင်းဆိုခဲ့သည်။

ထရမ့်ပ်လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်အသီးသီးက မယုံကြည်နိုင်လောက်အောင်အံ့ဩခဲ့ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်က ၎င်းအနေဖြင့် ယခုဖြစ်စဉ်ကို ပြင်းထန်စွာ ရှုံ့ချသည်ဟု ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here