ခွင့်မပြုဆိုးဆေးနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲထားသည့် အစားအသောက် (၁၄)မျိုး ထုတ်ပြန်

0
171

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ခွင့်မပြုဆိုးဆေးနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက်ကျော်လွန်သုံးစွဲထားသည့်အစားအသောက် (၁၄)မျိုးကို စားသုံးရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသောအစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ဖော်ပြထားသည့် အစားအသောက်များ၌ စားသုံး သူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သော ခွင့်မပြု‌ဆိုးဆေးများ ပါဝင်နေမှုနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း သိရသည်။

ဖော်ပြပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့်အတွက် စားသုံးခြင်းမပြုရန် အသိပေးထားသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများ၊ တာရှည်ခံဓာတုပစ္စည်းများကိုလုံးဝအသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ၂၈(က) အရ အရေးယူမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here