ဥပဒေပညာဖြင့် ဝန်ဆောင်မှုပေးနေသည့် ဥပဒေ အရာရှိများသည် ပြည်သူများအား ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် တာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ် ဥပဒေချုပ် မှာကြား

0
78

ဥပဒေရေးရာဝန်ကြီးဌာနမှာ ပြည်သူကို ဥပဒေပညာဖြင့် ဝန်ဆောင်မှုပေးသည့် ဌာနဖြစ်သောကြောင့် ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေး အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြောကြားသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇူလိုင် (၁၄) ရက်က ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များကို သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ခွင့်ပြုချက်မရရှိဘဲ ရုံးစိုက်ရာ ဒေသမှ ထွက်ခွာခြင်းမပြုရန်၊ မိမိတာဝန်ထမ်းဆောင်ရာ ဒေသတွင်ဖြစ်ပွားသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှု၊ လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးထူးခြား ဖြစ်စဉ်များကို အချိန်နှင့် တပြေးညီ တင်ပြသွားကြရန် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြောကြားသည်။

ထို့ပြင် မိမိတို့ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်သူကို ဥပဒေပညာဖြင့် ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့် အားလျော်စွာ ပြည်သူများအား ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေး အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး ယုံကြည်အားထားရသော ဥပဒေအရာရှိများ ဖြစ်လာစေရေး ကြိုးပမ်းသွားကြရန် မိမိတို့၏ လုပ်ငန်းတာဝန်များကို တည်ဆဲဥပဒေများနှင့်အညီ ရိုးသားဖြောင့်မတ်စွာ၊ စည်းလုံးညီညွတ်စွာ၊ သစ္စာရှိစွာလုပ်ဖော်ကိုင်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ၎င်းက တိုက်တွန်းမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here