ဗီယက်နမ်မှာ ဝက်တုပ်ကွေးဖြစ်ပွားလျက်ရှိ

0
146

ဗီယက်နမ်နိုင်ငံမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ပျံ့နှံ့ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထိခိုက်လာနိုင်သလို ငွေကြေးဖောင်းပွမှုဖြစ်စဉ်အပေါ် ဖိအားတိုးလာစေနိုင်တယ်လို့ အစိုးရ စာတမ်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ဝက်တုပ်ကွေးဟာ ဒေါ်လာ ၂၅၀ ဘီလီယံခန့်ရှိ ကမ္ဘာ့ဝက်သားဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ယင်းရောဂါ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း ကမ္ဘာ့အကြီးဆုံး ဝက်သားထုတ်လုပ်သူဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြည်တွင်းဝက်ကောင်ရေအားလုံးရဲ့ ထက်ဝက်ခန့် ‌ေ-သဆုံးခဲ့ပြီး ခန့်မှန်းခြေ ဒေါ်လာ ၁၀၀ ဘီလီယံကျော် ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ပါတယ်။

ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်သွားနိုင်တဲ့ အန္တရာယ် အလွန်မြင့်မားနေကာ စားနပ်ရိက္ခာထောက်ပံ့မှု၊ ဈေးနှုန်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်လာနိုင်တယ်လို့ ဇူလိုင် ၁၄ ရက်စွဲတပ် ဗီယက်နမ်အစိုးရ စာတမ်းတစ်ခုမှာ ဖော်ပြထားကြောင်း ရိုက်တာက ဆိုပါတယ်။

ဗီယက်နမ်မှာ ယခုနှစ်အတွင်း ရောဂါကူးစက်ထားတဲ့ ဝက်ကောင်ရေ ၄၂၄၀၀ ကို သု-တ်-သင်ထားပြီးဖြစ်ကာ ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူကထက် ၅ ဆနီးပါးခန့်ပိုများတဲ့အရေအတွက်ဖြစ်တယ်လို့ ယင်းစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံဟာ ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝက်အပြင်းဖျားရေးဂါ ကူးစက်ဖြစ်ပွားတဲ့နေရာ ၆၆၀ ခန့်စစ်ဆေးတွေ့ရှိထားပြီး ယမန်နှစ်အလားတူကာလမှာ ရောဂါဖြစ်ပွားတဲ့နေရာ ၂၀၈ ခုသာတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဝက်တွေကို ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ရန်ပုံငွေတွေ ဦးစားပေးချထားဖို့အပါအဝင် ရောဂါပျံ့နှံ့မှု ကာကွယ်တားဆီးရေး အစီအမံတွေ ချမှတ်ကြဖို့ အစိုးရက ပြည်နယ်အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဗီယက်နမ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ပြည်တွင်းထုတ် ကာကွယ်ဆေးနှစ်မျိုးကို ပြည်တွင်းကုန်သွယ်လုပ်ငန်းသုံးအဆင့် ဆေးဝါးတွေအဖြစ် အတည်ပြုထားခဲ့ပြီး အ‌ေ-သအပျောက်ရှိ ကူးစက်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး ကုန်သွယ်လုပ်ငန်းအဆင့် ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်း(WOAH) က အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေးတွေ ပိုမိုစမ်းသပ်ဖို့ လိုအပ်ကြောင်း ဒီဇင်ဘာလမှာ သတိပေးထားခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here