ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင် တာကျိုးပေါက်မှုမှ ပျောက်ဆုံးသူများအနက် ရုပ်အလေ-ာင်း တစ်လေ-ာင်း ပြန်လည်ရှာတွေ့

0
121

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၊ ရေဆိုးထုတ်ပြွန် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် တာကျိုးပေါက်ရာမှ ပျောက်ဆုံးနေသည့် အလုပ်သမား (၇)ဦးကို (၃)ရက်အကြာ ဆက်တိုက်ရှာဖွေရာ ယနေ့ ဇူလိုင် (၁၆)ရက် နံနက် (၁၀)နာရီက ရုပ်အလေ-ာင်း တစ်လေ-ာင်း ပြန်လည်ရှာတွေ့ကြောင်း မန္တလေးမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် (၁၄)ရက်၊ နံနက် (၈)နာရီ (၁၅)မိနစ်အချိန်ခန့်က မန္တ လေးတိုင်းဒေသကြီး၊ အမရပူရမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာရှိ ကာရံထားသော တုတ်မှ မြစ်ရေများ ဝင်ရောက်လာပြီး လုပ်ငန်းခွင်မှ အလုပ်သမား အမျိုးသား (၁၀) ဦးအနက် (၇)ဦး ရေန-စ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပျောက်ဆုံးသူများကို (၃)ရက်ဆက်တိုက် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ်ဆက်တိုက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ အလုပ်သမား (၇)ဦးအနက် (၁)ဦးဖြစ်သူ ဦးမြင့်အောင် အသက် (၅၆)နှစ် ရုပ်အလေ-ာင်းကို ရှာဖွေတွေ့ရှိကာ ဆေးရုံသို့ ပို့ဆောင်ထားပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တာကျိုးပေါက်မှုမှာ သီးသန့်တာကျိုးပေါက်မှုသာဖြစ်ပြီး အခြားသော လူနေရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှု မရှိကြောင်းလည်း သိရသည်။

ဓါတ်ပုံ – မန္တလေးမီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here