မုံရွာ – ရေဦး ကားလမ်း လက်ပံရွာအနီး Express မော်တော်ယာဉ်တစ်စီး တိမ်းမှေ-ာက်

0
106

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ – ရေဦး ကားလမ်း လက်ပံရွာအနီးတွင် ဇူလိုင်လ (၁၅)ရက် မွန်းလွဲ၁နာရီခွဲခန့်က Express မော်တော်ယာဉ်တစ်စီး တိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တိမ်းမှေ-ာက်မှုကြောင့် ခရီးသည် (၂) ဦး ‌ေ-သဆုံးပြီး အရေးပေါ်လူနာ (၇)ဦးကို လမ်းကြုံမော်တော်ယာဉ်များဖြင့် မုံရွာမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှ သိရသည်။

Express မော်တော်ယာဉ် တိမ်းမှေ-ာက်မှုဖြစ်ပွားကြောင်း ဖုန်းဆက်အကြောင်းကြားရာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှ အဖွဲ့ဝင် (၁၃)ဦးနှင့်အတူ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ် (၃)စီး ထွက်ခွာခဲ့ပြီး ဖြစ်စဉ်မှ လမ်းကြုံမော်တော်ယာဉ်များဖြင့် သယ်ဆောင်လာသည့် အရေးပေါ်လူနာ(၇)ဦး၊ ‌ေ-သဆုံးလူနာ (၂)ဦးတို့အား မုံရွာမြို့၊ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here