မြစ်ရေတက်မှုကြောင့် ရေကြီးရေလျှံဖြစ်ကာ စာသင်ကျောင်းတစ်ရာနီးပါး ယာယီပိတ်ထားရ

0
149

မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် ဒုဌဝတီမြစ်တို့ မြစ်ရေတက်နေမှုကြောင့် မြစ်ကမ်းဘေးရှိမြို့ပေါင်း (၂၂) မြို့၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေကာ စာသင်ကျောင်း(၁၀၀)နီးပါး ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်စာများအရ သိရသည်။

မြစ်ရေတက်နေမှုကြောင့် ယခုရက်သတ္တပတ်အတွင်း ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ပွင့်ဖြူ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ကံမနှင့် အင်္ဂပူမြို့နယ်များမှ စာသင်ကျောင်းများ ယာယီပိတ်ထားရဆဲဖြစ်သည်။

လက်ရှိယာယီပိတ်ထားရသည့် ကျောင်းများတွင် ပခုက္ကူ၊ ပွင့်ဖြူနှင့် ကံမမြို့နယ်များက စာသင်ကျောင်းအ များစု ပါဝင်ကာ ရေများပြန်လည်ကျသည့်အခါ ကျောင်းပိတ်ရက်များတွင် အစားထိုးပြန်လည် ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးများထံမှ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် ဒုဌဝတီမြစ်ရေတို့သည် မြို့ပေါင်း (၂၂) မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်အထက်ပိုင်းတွင်ရေကြီးပြီးပါက မကြာခင် အောက်ပိုင်းတွင်လည်း ရေကြီးလာနိုင်သဖြင့်ရေကြီးနေကျဒေသများကြိုတင်ပြင်ဆင်နိုင်ရန်လည်း နိုးဆော်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here