မြစ်ရေကြီးမှုမှတဆင့် ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းအပြင် ဓာတ်ဆားထုတ်နှင့် ရေသန့်များ ထောက်ပံ့ကူညီနေ

0
82

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေသတွင်း ‌ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ဧရာဝတီမြစ်ရေ မြစ်ရေကြီးမှုမှတဆင့် ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းအပါအဝင် ဓာတ်ဆားထုတ်နှင့် ရေသန့်များ ဆက်လက်ထောက်ပံ့ကူညီနေကြောင်း သိရသည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ မြို့နယ်၊ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးနေကြောင်း သိရသည်။

ယင်းအပြင် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ခြင်း၊ ရှေးဦးပြုစုခြင်း၊ ယာယီအမိုးအကာပြုလုပ်ခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် က-လေ-းငယ်များ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအတွက် သန့်(၄)သန့် ကဗျာရွတ်ဆိုခြင်း၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများဆိုင်ရာ အသိပညာပေး ပုံဆွဲစာအုပ်ဖြင့် ဆေးချယ်စေခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒါးဝယ်ဈေး၊ ချင်းစု၊ မြောက်ဘော်ဂါ ၊ လင်းဇင်း ရပ်ကွက်များတွင်လည်း ဒေသခံ ကြက်ခြေနီစေတနာ့လုပ်အားရှင်များကရေသန့်၊ ထမင်းဗူးများ ပေးဝေရာမှ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here