ပဲခူး-ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် စော်ဘွားကြီးကုန်းသို့ သွားရောက်၍ ခရီးသည် တင်ဆောင်ခြင်းမပြုရန်သတိပေး

0
419

ပဲခူးအခြေစိုက်ပြေးဆွဲသည့် ယာဉ်လိုင်းများအနေဖြင့် ပဲခူးယာဉ်ရပ်နားစခန်း (ရန်ကုန်) သို့ ဝင်ရောက်ခြင်းမရှိဘဲ စော်ဘွားကြီးကုန်းသို့ သွားရောက်၍ ခရီးသည် တင်ဆောင်ခြင်းမပြုလုပ်ရန် အသိပေးထားကြောင်း YRTC မှ သိရသည်။

ယင်းသို့ သတိပေးထားသော်လည်း လိုက်နာခြင်းမရှိပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် (၁၅) ရက်တွင် အောင်မင်္ဂလာအဝေးပြေး ယာဉ်ဝင်းနှင့်ကပ်လျက် တည်ရှိသည့် ပဲခူး-ရန်ကုန် ပြေးဆွဲမည့် ပဲခူးယာဉ်ရပ်နားစခန်း(ရန်ကုန်)ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပဲခူးအခြေစိုက်ပြေးဆွဲနေသည့် ယာဉ်လိုင်းများဖြစ်သည့် မိုးမခ၊ MTC ၊ အမှတ် (၅)၊ အမှတ် (၆)၊ ဥဿာ၊ ကြံတိုင်းအောင်၊ ဖြိုး၊ လင်းရောင်ခြည်၊ မင်းမကိုဋ် စသည့် ယာဉ်လိုင်း (၉) လိုင်းသည် ပဲခူးမှ ထွက်ခွာလာပြီး ရန်ကုန်တွင် မင်္ဂလာဒုံဈေးမှတဆင့် ပဲခူးယာဉ်ရပ်နားစခန်း(ရန်ကုန်)သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးသို့ ပြန်လည်ထွက်ခွာသည့်အခါ ပဲခူးယာဉ်ရပ်နားစခန်း(ရန်ကုန်)မှ စတင်ထွက်ခွာပြီး ဗိုလ်ခြံလမ်း၊ နွယ်ခွေလမ်းတို့မှ သွားရမည်ဖြစ်ပြီး မင်္ဂလာဒုံတွင် ဂိတ်ထိုးခွင့် မရှိတော့ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းလိုက်နာခြင်း မရှိပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်သည့်အပြင် အင်းတိုင်စစ်ဆေးရေးဂိတ်သို့ အသွား/အပြန် သတင်းမပို့သည့် ယာဉ်များ အနေဖြင့်လည်း YRTC (အဝေးပြေး)မှ သတ်မှတ်ထားသည့် စီမံခန့်ခွဲရေးဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here