အာဖဂန်မှာ မုန်တိုင်းမိုးကြောင့် လူ ၃၅ ဦးထက်မနည်း ‌ေ-သဆုံး

0
330
Afghan residents shovel mud following flash floods after heavy rainfall at Pesgaran village in Dara district, Panjshir province on July 15, 2024. - At least 35 people were killed and 230 injured on July 15, after heavy rain in eastern Afghanistan, a local official said. (Photo by AFP)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တနင်္လာနေ့ (ဇူလိုင် ၁၅) က လူ ၃၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ တာလီဘန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

နန်ဂါဟာပြည်နယ်တစ်ဝန်း ဒဏ်ရာရသူများစွာ ရှိခဲ့တယ်လို့လည်း ပြည်နယ် သတင်းအချက်အလက်နဲ့ ယဉ်ကျေးမှုဋ္ဌာန ညွှန်ကြားရေးမှူး ဆက်ဒီကွေလာ ကာရိုင်ရှီက ပြောဆိုခဲ့ပါတယ်။

Surkh Rod ခရိုင်မှာ နေအိမ်အမိုးပြိုကျမှုဖြစ်စဉ်အတွင်း မိသားစုတစ်ခုတည်းမှ ငါးဦး‌ေ-သဆုံးခဲ့ပြီး အခြား မိသားစုဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကာရိုင်ရှီက ပြောဆိုပါတယ်။ ‌ေ-သဆုံး ဒဏ်ရာရခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ က-လေ-းင-ယ်တွေလည်း ပါဝင်ခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပြည်နယ်တွင်းမှ မတူညီတဲ့ဒေသများစွာရှိ အိုးအိမ်အဆောက်အအုံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ပြည်နယ်မြို့တော် ဂျလာလာဘတ်နဲ့ အနီးဝန်းကျင် ခရိုင်တွေကနေ ရောက်ရှိလာတဲ့ ဒဏ်ရာရသူ ၂၀၇ ဦး ရှိတယ်လို့ နန်ဂါဟာဒေသန္တာရဆေးရုံအကြီးအကဲ အမီနူလာ ရှာရစ်ဖ်က ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေအတွက် လိုအပ်တဲ့ သွေးလှူဒါန်းမှုတွေလုပ်ဖို့ရာ ဒေသခံဒါဇင်ချီပြီး ဆေးရုံမှာ ရောက်ရှိနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် လူ ၃၀၀ ကျော်‌ေ-သဆုံးခဲ့ကာ နေအိမ်ပေါင်း ထောင်နဲ့ချီပျက်စီးခဲ့ကြောင်းနဲ့ အများစုဟာ မေ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် မြောက်ပိုင်း ဘာဂလန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Ref: Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here