ပြင်ပဈေးကွက်အတွင်း ရွှေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကျဆင်းလာ

0
345

ပြီးခဲ့သည့် ရက်ပိုင်းက ပြင်ပ‌ ဈေးကွက်တွင် ရွှေတစ်ကျပ်သား (၅၉) သိန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၅၀၀၀ အထိ မြင့်တက်ခဲ့ရာမှ ယနေ့တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် ဘဏ်များနှင့် ပတ်သက်၍ ကောလာဟလ သတင်းများထွက်ခဲ့သည့်ဂယက်ကြောင့် ဈေး မြင့်တက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ ပြည်တွင်းဘဏ် (၇) ခုကိုငွေဒဏ်အရေးယူမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဘဏ်များ၌ ငွေအပ်နှံထားသူများသည် အလုအယက်ပြန်လည်ထုတ်ယူခဲ့သည့်အတွက် ငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဘဏ်ထုတ်ငွေကို ကိုင်ထားစရာအဖြစ် ရွေဝယ်ယူစုဆောင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ရွှေဈေးတစ်ကျပ်သား (၅၉) သိန်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ယခုအခါ ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် နိုင်ငံခြားငွေများဆက်တိုက်ထုတ်ရောင်းပေးလျှက်ရှိသည်။

ယနေ့ ပြင်ပတွင် အဝေးလွှဲငွေဈေးမှာ အမေရိကန်ဒေါ်လာ ၄၈၀၀ကျပ်၊ စင်္ကာပူဒေါ်လာ ၃၅၅၅ ကျပ် ဖြစ်နေပြီး ကျရိပ်ရှိနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here