ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင် တာကျိုးပေါက်မှုမှ ပျောက်ဆုံးသူများအနက် (၆)ဦး၏ ရုပ်အလေ-ာင်းများ ပြန်တွေ့

0
222

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ တာဘောင်ပြိုကျပြီး ပျောက်ဆုံးနေသည့် (၇)ဦးအနက်မှ ယနေ့ ဇူလိုင် (၁၆)ရက် ညနေ (၅)နာရီခန့်အချိန်ထိ (၆)ဦးကို တွေ့ရှိထားပြီး ကျန် (၁)ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဇူလိုင် (၁၄)ရက်၊ နံနက် (၈)နာရီ (၁၅)မိနစ်အချိန်ခန့်က အမရပူရမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာရှိ ကာရံထားသော တုတ်မှ မြစ်ရေများ ဝင်ရောက်လာပြီး တာကျိုး ပေါက်ကာ အမျိုးသား (၇)ဦး ရေန-စ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပျောက်ဆုံးသူများကို (၃)ရက်ဆက်တိုက် ရှာဖွေရာ ယနေ့ ဇူလိုင် (၁၆)ရက် နံနက် (၁၀)နာရီတွင် ဦးမြင့်အောင် အသက် (၅၆) နှစ်၊ နေ့လယ် (၁)နာရီတွင် ခန့်သူအောင် (ခ) တတ်တူး အသက် (၂၉)နှစ်)၊ ညနေ (၄)နာရီ (၄၀)မိနစ်အချိန်တွင် အောင်မျိုးကျော်၊ ညနေ (၄)နာရီ (၄၆)မိနစ်အချိန်တွင် ငနေ(ခ)နေလင်းထွန်း၊ ညနေ(၄)နာရီ (၅၅)မိနစ်အချိန်တွင် တရုတ်ကြီး(ခ)နေထက်အောင်နှင့် ညနေ (၅)နာရီ (၁၀)မိနစ်အချိန်တွင် ကျော်ဇင်လင်းတို့၏ ရုပ်အ-လောင်းများအား ရေဆိုးထုတ်မြောင်းအပြင်သို့ သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသော ငယ်ငယ်(ခ)မြတ်သန်းကျော်၏ ရုပ်အလေ-ာင်းအား ထပ်မံရှာဖွေနိုင်ရေး သံငြမ်းများ ပိတ်ဆို့နေသည့်အတွက် မြောင်းဖုံးအပေါက်ထပ်မံဖောက်၍ ရှာထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here