အစ္စရေးက ကုလသံချပ်ကာကားများနှင့်အကာအကွယ်ပစ္စည်းများကို ဂါဇာထဲသယ်ခွင့်ပြု

0
359
A Palestinian walks past piles of waste, as garbage collection and any other municipality services come to a halt due to the Israeli bombardment of the Gaza Strip, at the al-Maghazi Palestinian refugee camp, in the central Gaza Strip on July 15, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Eyad BABA / AFP)

ကုလသမဂ္ဂ၊ဇူလိုင် ၁၆

အစ္စရေးအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအတွက် သံချပ်ကာယာဉ်များနှင့် လူအကာအကွယ်ကိရိယာများ ယူဆောင်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

ယခုခွင့်ပြုချက်သည် စစ်ပွဲကာလဆယ်လအတွင်းဝင်လာပြီး တရားဥပဒေစိုးမိုးရေးမရှိတော့သည့် ဂါဇာကမ်းမြောင်ဒေသ၏ ဘေးကင်းလုံခြုံရေးအတွက် အစ္စရေးတာဝန်ရှိသူများထံ ကုလသမဂ္ဂ ကပေးပို့ခဲ့သည့်ပေးစာအပေါ် တုန့်ပြန်ခြင်းဖြစ်သည်ဟုသိရသည်။

ဂါဇာသို့အကူအညီများပေးပို့ရာ၌ အတားအတီးအခက်အခဲများရှိသည်ဟု ကုလသမဂ္ဂက ယခင်ကတည်းကထုတ်ပြန်ကြေငြာခဲ့သော်လည်း ယခုမှသာ ဝင်ရောက်ခွင့်ရခြင်းဖြစ်ပြီး အင်္ဂါနေ့မှစ၍ ထပ်တိုးပေးပို့မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ဆက်လက်၍ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် အင်တာနက်ဝန်ဆောင်မှုရရှိရန်လိုအပ်ကြောင်း ကုလကပြောကြားခဲ့ပြီး တယ်လီဖုန်းတာဝါတိုင်များကို မသုံးလိုကြောင်းပြောကြားခဲ့သည်။

သို့သော်လည်း အစ္စရေးအာဏာပိုင်များသည် ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို အသုံးပြုခွင့်ပေးလိုက်ပါက ဟားမတ်စ်တို့ မည်သို့မည်ပုံလုပ်ဆောင်လာနိုင်သည်နှင့်ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှုများရှိနေသဖြင့် ယခုအထိသုံးခွင့်မပြုသေးပေ။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here