ဒေသခံစစ်ရှောင်အများစု ဖြတ်သန်းနေသည့် စဉ့်အင်ချောင်းကူးဖောင်ဆိပ်ဖြတ်သန်းမှု (၁)ရက် ရပ်နားမည်

0
205

ဒေသခံစစ်ရှောင်အများစု ဖြတ်သန်းသွားလာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-ကျောက်မဲသွား လမ်းပိုင်းရှိ စဉ့်အင်ချောင်းကူးဖောင်ဆိပ်အား ဇူလိုင် (၂၀)ရက်နေ့တွင် တစ်ရက် ယာယီရပ်နားမည်ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

အဆိုပါ ဖောင်ဆိပ်အား ဇူလိုင်(၂၀)ရက်တစ်ရက်သာ ယာယီပိတ်မည်ဖြစ်ပြီး ၊ နောက်ရက်များတွင် ယခင်အတိုင်းဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ဖောင်ကတစ်စင်းထဲဆိုတော့ ပြုပြင်စရာတွေပြုပြင်ဖို့ တစ်ရက်နားတာလို့သိရတယ်။ အခြားဘာအကြောင်းမှတော့မရှိပါဘူး။ နေ့စဉ် သွားလာနေတဲ့ အရေအတွက်နဲ့ဖောင်တစ်စင်းထဲဆိုတော့ ပြုပြင်ရမယ့်ကိစ္စတွေရှိနေတာလို့တော့သိရတယ်”ဟု ‌၎င်းက ဆိုသည်။

စဉ့်အင်ဖောင်ဆိပ်သည် စစ်ရှောင်ယာဉ်များအပြင် ဒေသတွင်းသွားလာနေသော ယာဉ်များ ဖြတ်သန်းမှုများသည့်အတွက် မကြာခဏ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေရကြောင်း သိရသည်။

ထို့ပြင် ဖောင်ဆိပ်စက်လှေပေါ်ကိုတက်မည့်ယာဥ်များအနေဖြင့် စနစ်တကျသတိပြုမောင်းနှင်တက်ရောက်ကြရန်နှင့် ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့်မတော်တဆဖြစ်သည့်ကိစ္စရပ်များကိုဖောင်ဆိပ်ကတာဝန်မယူ‌ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here