ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်ခွင့်မရတာကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ရေယာဉ်နှစ်စင်း နတ်မြစ်အတွင်း မျောပါနေဟု သိရ

0
145

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေမှုအတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငါးဖမ်းလှေနှစ်စင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းစာက ဇူလိုင် ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

သူတို့တွေ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်ခွင့်မရခဲ့တာကြောင့် လက်ရှိမှာ သစ်သားလှေနှစ်စင်းဟာ နတ်မြစ်အတွင်း မျောနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါရေယာဉ်နှစ်စင်းကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က တက္ကနက်-မြန်မာ Transit Ghat အနီးမှာ ကြားဖြတ်ဟန့်တားမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရေယာဉ်တွေပေါ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်နဲ့ နယ်ခြားစောင့်တပ်တို့က တရားဝင်ထုတ်ပြန်ခြင်းမျိုး မရှိသေးဘူးလို့ သိရပါတယ်။

နယ်စပ်ရေးရာကို တာဝန်ယူရတဲ့ အမည်မဖော်လိုသော အစိုးရအရာရှိတစ်ဦးကတော့ အဆိုပါရေယာဉ်နှစ်စင်း ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့မှုကို ဝန်ခံပြောဆိုခဲ့ပြီး နတ်မြစ်အတွင်း ကင်းလှည့်တပ်ဖွဲ့တွေက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုတွေကို တားဆီးဖို့ အင်အားတိုးမြှင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။

တက္ကနက်မြို့တော်ဝန် မူဂျီဘာရ် ရာမန်ကလည်း ဒီဖြစ်ရပ်ကို အတည်ပြုထားတယ်လို့ သိရပါတယ်။

Ref: Dhaka Tribune


LEAVE A REPLY

Please enter your comment!
Please enter your name here