ရန်ကုန် – မော်လမြိုင် ကားလမ်းရှိ ကရင်လေးဆိပ်တံတား ဖောက်ခွဲခံရ၊ ကားရာချီပိတ်မိနေကာ ခရီးစဉ်အချို့ဖျက်သိမ်း

0
106

ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ သထုံမြို့နယ် ၊ ကရင်လေးဆိပ်တံတားမှာ ယနေ့ ဇူလိုင် (၁၇) နံနက်အစောပိုင်း (၂) နာရီဝန်းကျင်က မိုင်းထောင် ဖောက်ခွဲခံရမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး ခရီးသွားကားများ ရာချီ ပိတ်မိနေကြာင်း သိရသည်။

ထိုကဲ့သို့ တံတားပြိုကျပျက်စီးမှုကြောင့် ခရီးသွားကားနှင့်ကုန်တင်ကားများ ရပ်နားထားရကာ သွားလာမရတော့ဘဲ လမ်းပိတ်ဆို့နေကာ ရန်ကုန်မှ မော်လမြိုင်သို့သွားမည့် အဝေးပြေးယာဉ်လိုင်း ခရီးစဉ်အချို့လည်း ဖျက်သိမ်းထားကြောင်း သိရသည်။

“ရန်ကုန်-မော်လမြိုင် ဒီနေ့ဘယ်ကားသွားကြလဲ၊ ခုလေးတင် Express ဂိတ်က တံတားကျိုးလို့ဆိုပြီး Cancel လိုက်လို့ပါ” ဟူ၍ ခရီးသွားများဆုံစည်းရာ လူမှုကွန်ရက် Group တစ်ခုတွင်လည်း ခရီးသွားတစ်ဦးက မျှဝေထားသည်။

ယခုဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် တံတားသည် ရန်ကုန် – မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်ရှိ သထုံ-ဘီးလင်းကြား၊ ကျုံအိတ်တံတားအနီးတွင်ရှိကာ အရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေ ရှိသော တံတားတစ်စင်းဖြစ်သည်။

ထိုကဲ့သို့ တံတားပျက်စီးသွားတာကြောင့် လတ်တလောမ၌ ကားများလည်း သွားမရတော့ကာ ကုန်စည်စီးဆင်းမှုယာယီ ပြတ်တောက်သွားသည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here