ကျေးရွာများဝင်ငွေတိုးရေး စီမံကိန်းအတွက်ရွာများရွေးချယ်ရာတွင်ဒေသထွက်ကုန် မှ ထုတ်ကုန် အလားအလာရှိခြင်း ၊ဆက်သွယ်ရေး ချောမွေ့ခြင်းတို့ထည့်စဉ်းစားကာ ရွာပေါင်း(၂၂၁)ရွာ တွင် အကောင်အထည်ဖော်မည်

0
132

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အဓိက ဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ (ဝင်ငွေတိုးစီမံကိန်း)အားအကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ (၁၅၁) ရွာကို ရွေးချယ်၍ ရှေ့ပြေးစမ်းသပ်ခြင်း Pilot Project အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်မူ စီမံကိန်းကျေးရွာ (၂၂၁)ရွာကို တိုးချဲ့၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ဝင်ငွေတိုးစီမံကိန်း) ကျေးရွာများကို ရွေးချယ်ရာတွင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာ၊ ထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အချက်အချာကျသော ကျေးရွာ၊ ကျေးရွာသူကျေးရွာသားများ၏ အသေးစားကုန်ထုတ်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုရှိပြီး လုပ်ငန်းထူထောင်ရန် စိတ်အားထက်သန်မှုရှိသော ကျေးရွာ၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိသည့် ကျေးရွာ၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ဦးရေများသော ကျေးရွာ စသည့်အခြေခံအချက်များအပေါ်မူတည်၍ အတည်ပြုရွေးချယ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here