ယနေ့ ဇူလိုင် (၁၇)ရက် ညနေပိုင်းတွင် ဒုတိယအကျော့ Myanmar Women League 2024 Week (8) ပွဲစဉ်အား ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဧရာဝတီယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ ပွဲစဉ်တွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီးနောက် နိုင်မှတ် (၃)မှတ် ရရှိခဲ့သဖြင့် လက်ရှိတွင် ဧရာဝတီအသင်းမှာ နိုင်မှတ် (၁၃) မှတ်ရရှိခဲ့ပြီဖြစ်သည်။
ပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီအသင်းတိုက်စစ်မှူး စန်းသော်သော်က ရရှိသွားခဲ့သည်။
ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းဘက်မှ ယုယနိုင်ကလည်း ချေပဂိုး (၁)ဂိုးသွင်းယူခဲ့သည့်အတွက် အသင်း၏ ပထမဦးဆုံးလိဂ်သွင်းဂိုးလည်း ဖြစ်သည်။
မနက်ဖြန် ဇူလိုင်(၁၈) ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် မြဝတီအသင်း၊ ရန်ကုန်ယူနိုက်တက်နှင့် YREO အသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။
အား/ကာသိပ္ပံအသင်းမှာ ရမှတ်(၁၄)မှတ်ဖြင့် အဆင့်(၂)နေ ရာတွင် ရပ်တည်နေပြီး၊ မြဝတီအသင်းမှာ ရမှတ် (၁၀)မှတ်ဖြင့် အဆင့်(၃)နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။
ထို့အတူ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၁၅)မှတ်ဖြ င့် အဆင့်(၁)နေရာတွင်ရပ်တည်နေကာ YREO အသင်းမှာ ရမှတ်(၃)မှတ်ဖြင့် အဆင့် (၆)နေရာတွင် အရပ်တည်နေကြခြ င်းဖြစ်သည်။
ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ဒုတိယအကျော့အား ယနေ့ဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ ကစားသွားမည်ဖြစ်သည်။
ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။


