ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်များ ခုတ်မည့်အတွက် ဒဂုံတောင်နှင့် မြောက်တွင် မနက်ဖြန် မီးပျက်ဦးမည်

0
94

66kV သာကေတ-ဒဂုံ(တောင်)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းမည်ဖြစ်သည့်အတွက် ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန်အချို့နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ရပ်ကွက်နေရာအချို့၌ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေး ထုတ်ပြန်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ-ဒဂုံ (တောင်)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းအား မြို့နယ်စုဖွဲ့အင်အားဖြင့် ဇူလိုင် (၁၈)ရက်၊ နံနက် (၁၀) နာရီမှ နေ့လယ် (၂) နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန်အချို့နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း YESC မှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here