အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ရှမ်းယူနိုက်တက်နှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ သရေရလဒ်ထွက်ပေါ်

0
123

၂၀၂၄-၂၅ ခုနှစ် အာဆီယံကလပ် ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်တစ်ပွဲအား ယမန်နေ့ ဇူလိုင် (၁၇)ရက် ညပိုင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့်မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲစဉ်အတွင်း အဖွင့်သွင်းဂိုးကို ကာဆူကာအသင်းက ပွဲချိန် (၄၄) မိနစ်အချိန်တွင် ဆူလီဗန်တေလာ ဆိုသူ ကစားသမားကသွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၉) မိနစ်တွင် ဟိန်းဖြိုးဝင်းက သွင်းယူပေးခဲ့သည်။

ယခုကစားသည့် ပွဲစဉ်သည် ပထမအကျော့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ၊ ၎င်းတို့နှစ်သင်းသည် ဇူလိုင် (၂၄) ရက်၌ ဒုတိယအကျော့အဖြင့် ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်း၌ ထပ်မံကစားကြရမည်ဖြစ်သည်။

ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော ပထမအကျော့ပွဲစဉ်အား ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝမ်မြို့ရှိ Hassanal Bolkiah Stadium အတွင်း ကစားခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here