လတ်စ်ဗီးဂတ်စ်၊ဇူလိုင် ၁၈
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကိုဗစ်ရောဂါပိုးကူးစက်နေကြောင်းသိရပြီး ရောဂါလက္ခဏာများမှာမပြင်းထန်သော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေအရ ရွေးကောက်ပွဲထပ်မပြိုင်ရန် ဖိအားများမြင့်တက်နေချိန်တွင် ယခုကဲ့သို့ ကိုဗစ်ရောဂါပိုးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် လတ်စ်ဗီးဂတ်စ်သို့ မဲဆွယ်စည်းရုံးရန်သွားရောက်ချိန်၌ ရောဂါပိုးကိုစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ကွာရန်တင်းသဘောမျိုးနေထိုင်ရန်အတွက် Delaware ရှိနေအိမ်သို့သွားနေပြီဟုလည်းသိရသည်။
သမ္မတဘိုင်ဒင်က လူမှုကွန်ရက် X တွင် ၎င်းအတွက် ဆုတောင်းပေးထားကြသည့်ပြည်သူများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး အမြန်ဆုံးသက်သာအောင်နေထိုင်ကာ ကွာရန်တင်းကာလအတွင်းမှာလည်း အမေရိကန်များအတွက် အလုပ်လုပ်နေဦးမည်ဟုဆိုခဲ့သည်။
ဘိုင်ဒင်သည် နှာစေး၊ချောင်းဆိုးနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းမျိုးခံစားနေရကြောင်း အိမ်ဖြူတော်၏ဆရာဝန်ကပြောကြားခဲ့ပြီး သမ္မတထံ၌ပြသနေသည့်လက္ခဏာများမှာ အပြင်းစားမဟုတ်ဘဲ အပျော့စားသာဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : စီအင်န်အေ