တရုတ်၌ ရှော့ပင်းစင်တာမီးလောင်၍ လူ ၁၆ ဦး‌ေ-သဆုံး

0
263

ပေကျင်း၊ဇူလိုင် ၁၈

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခု၌ မီးလောင်မှုကြောင့် လူ ၁၆ ဦး‌ေ-သဆုံးခဲ့ကာ အချို့မှာ ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် စင်တာအောက်ဆုံးထပ်မှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ချိန်၌ ပိတ်မိနေသည့် လူအယောက် ၃၀ ကိုလည်းကယ်ထုတ်ခဲ့ရကြောင်း စီစီတီဗွီသတင်းဌာနကဖော်ပြထားသည်။

ကြာသပတေးနေ့နံနက် ၃ နာရီအထိ သတင်းအချက်အလက်များအရ ‌ေ-သဆုံးသူ ၁၆ ဦးအထိရှိလာပြီး ပိတ်မိနေသူများမရှိတော့ကြောင်း နိုင်ငံပိုင်သတင်းဌာန ရှင်းဟွာကဖော်ပြထားသည်။

လျော့ရဲ‌သောလုံခြုံ‌ရေးစည်းမျဉ်းများနှင့် စည်းစနစ်မကျမှုများကြောင့် မီးလောင်ကျွမ်းမှုနှင့် မတော်တဆမှုများသည် တရုတ်နိုင်ငံ၌အဖြစ်များသောအရာများလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here