ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်အားလုံး ပိတ်လိုက်ရပြီး ဆန္ဒပြပွဲ လူ‌ေ-သဆုံးမှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့ အစိုးရ ညွှန်ကြား

0
224
Students protesting against quotas in government jobs carry a symbolic coffin of victims, a day after they died in a clash with police personnel, during an absentee funeral prayer ceremony at Dhaka University in the capital on July 17, 2024. - Bangladeshi students on July 17, mourned classmates killed in protests over civil service hiring rules, a day after the government ordered the indefinite closure of schools nationwide to restore order. (Photo by Munir UZ ZAMAN / AFP)

အစိုးရရဲ့ အလုပ်အကိုင်ချထားမှု ခွဲတမ်းစနစ်ကို မကျေနပ်တဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားဆန္ဒပြမှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေသုံးကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။ ယင်းမတိုင်ခင်ရက်က ဆန္ဒပြမှုတွေမှာတော့ အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်ခဲ့တာကြောင့် လူ ၆ ဦး ‌ေ-သဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို ဗုဒ္ဓဟူးနေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းလည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း သ–တ်ဖြ—တ်မှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ရာ အစိုးရက တရားရေးကော်မတီတစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဒါကာတက္ကသိုလ်ဝန်း ပြင်ပမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်ပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြကျောင်းသားတွေဟာ “ငါတို့ ညီနောင်တွေရဲ့ သွေးတွေကို အချည်းနှီးဖြစ်ခံမှာ မဟုတ်ဘူး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

‌ေ-သဆုံးခဲ့ရတဲ့ ကျောင်းသားတွေနဲ့ တသားတည်းရှိခြင်းကို ပြသမှုအဖြစ် ခေါင်းတလားတွေသယ်ဆောင် ချီတက်ခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အသံဗုံးတွေ ဖောက်ခွဲခဲ့တယ်လို့ ဆန္ဒပြပွဲ စီစဉ်ညှိနှိုင်းသူ နာဟစ် အစ္စလမ်က ပြောဆိုပါတယ်။

လူငယ် အလုပ်လက်မဲ့နှုန်း မြင့်မားမှုနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းသားတွေအတွက် ဝန်ထမ်းနေရာ ခွဲတမ်းချထားမှုစနစ်ဟာ ဒေါသထွက်စရာ ဖြစ်စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ် လူဦးရေ စုစုပေါင်း သန်း ၁၇၀ အနက် လူငယ် ၃၂ သန်းနီးပါးလောက်ဟာ အလုပ်အကိုင်မရှိ သို့မဟုတ် ပညာသင်ကြားခွင့်မရကြဘူးလို့ သိရပါတယ်။

ပါကစ္စတန်ထံမှ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရယူခဲ့မှုမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သော ရှိတ် မူဂျီဘာရ် ရာမန်ရဲ့ သမီးဖြစ်တဲ့ ဝန်ကြီးချုပ် ဟာစီနာက ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဆန္ဒပြမှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။

အာဏာရ အဝါမီလိဂ်ပါတီရဲ့ ကျောင်းသားအဖွဲ့တစ်ခုမှ ကျောင်းသားတွေနဲ့ ခွဲတမ်းစနစ် ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ယခုသီတင်းပတ်ကစလို့ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုအဖြစ် အသွင်းပြောင်းခဲ့ပါတယ်။ ယင်းဖြစ်စဉ်တွေအတွင်း အင်္ဂါနေ့က ‌ေ-သဆုံးခဲ့တဲ့ ကျောင်းသား သုံးဦး အပါအဝင် ‌ေ-သဆုံးသူ ၆ ဦး ရှိခဲ့ပြီလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

Ref: yahoo news


LEAVE A REPLY

Please enter your comment!
Please enter your name here