ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ရွေ့လျားဈေးပွဲတော်ကျင်းပမည်

0
341

သားသားမီးမီးနှင့် မိဘပြည်သူများအတွက် Mobile Market ကို ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ဇူလိုင်လ (၁၉) ရက်မှ ဇူလိုင်လ (၂၁) ရက်အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ သိရသည်။

ပွဲတော် ပထမရက်ဖြစ်သည့် ဇူလိုင်လ (၁၉) ရက်တွင် JOY BAND ၏ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့၏ Baby Talent Show၊ Rose Mary ၏ ဖျော်ဖြေတင်ဆင်မှုများအပြင် သားသားမီးမီးတို့ အကြိုက် joker ၏ ရင်သက်ရှုမောဖွယ် တင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဖြစ်သည့် ဇူလိုင်လ (၂၀) ရက်တွင် JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ Junior Azalea Star အဖွဲ့မှ သားသားမီးမီးတို့၏ Baby Talent Show၊ သားသားမီးမီးများနှင့် ဖေဖေ မေမေတို့ပါ အတူပါဝင် ပျော်ရွှင်ရမည့် Zumba Lei နှင့် အတူ Zumba ကကြမည့် အစီအစဉ်များ အပြင် အသံချိုချို လေးဖြင့်ဖျော်ဖြေတင်ဆက်ပေးမည့် Nora ၊ တိရစ္ဆာန်လေးများ ထူးခြားချက်လေးများနှင့်အထွေထွေဗဟုသုတများကို ဆွေးနွေးပြောပြပေးသွားမည့် Yangon Zoo (Education Department) နှင့် အတူ Ma Hla Nu Tun တို့၏ Talk Show အစီအစဉ်၊ ဓါတ်ပုံ ရိုက်ကူးလို့ရမည့် Photo Booth နှင့် Family-Friendly Game Activities များပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အပိတ်နေ့တွင် DESKS Band ၏ဖျော်ဖြေတင်ဆက်မှု Monster Dance Group ၏ အကအလှများအပြင် တေးသံရှင် Phyo Kyaw Htike ၏ ဖျော်ဖြေတင်ဆက်မှုများပါဝင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here