မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား ဆေးတပ်ဖွဲ့ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

0
241

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား ဆေးတပ်ဖွဲ့ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၌ ယမန်နေ့ ဇူလိုင်လ (၁၇) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များက စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်း၊ ဆေးဘက်ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေး ကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်ဆိုင်ရာ သင်ကြားရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးတပ်ဖွဲ့များအကြား ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

ထို့ပြင် ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် အမှတ် (၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသမှုဌာနသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here