Wednesday, January 15, 2025

နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း...

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ...

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း...

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို...

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင်...
HomeNewsLocal Newsပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန်...

ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ် တန်ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ ဇွန်လ (၃၀) ရက် အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံမက်ထရစ်တန် ၆၁၃၇၂ ဒသမ ၇၄၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့ကြောင်း သိရသည်။

ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၄၇၄၂ ဒသမ ၄၅၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၇၅၉ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၆၆၃၀ ဒသမ ၂၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ် လာ ၂၀ ဒသမ ၆၅၂ သန်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ၃၅၂၀၀ ဒသမ ၁၆၂ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၀၄ သန်းရရှိခဲ့သည်။

ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ကော့သောင်းတွင် ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ (၆၀) ရာခိုင်နှုန်း၊ ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်းတို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို (၁၂၀ ဒသမ ၆၄) ကီလိုဝပ်၊ ဒီဇယ် (၂၀၀) ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့်တပ်ဆင်ခြင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန...

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် ကို လက်ခံတွေ့ဆုံစဉ် ဗီယက်နမ်ဝန်ကြီးချုပ်က ၎င်းအနေဖြင့် နိုင်ငံ၏နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သည့် နျူကလီးယားဓါတ်အားပေးစီမံကိန်းကို ပြန်လည်စတင်အကောင်အထည်ဖော်လိုပြီး တိုးတက်လာသောစက်မှုလုပ်ငန်းများနှင့် မြင့်မားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်များအတွက် ခိုင်မာစွာထောက်ပံ့ပေးလိုကြောင်းဆိုခဲ့သည်။ ရုရှား နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းညွှန်ကြားရေးမှူးချုပ်ကမူ ၎င်းတို့အနေဖြင့် ဗီယက်နမ်နှင့်ပူးပေါင်းကာ နျူကလီးယားဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်း၊နည်းပညာလွှဲပြောင်းခြင်း၊နျူထုတ်ကုန်များကို ဗီယက်နမ်နိုင်ငံတွင်းထုတ်များအဖြစ်ပြောင်းလဲခြင်းများအတွက် ကူညီရန်အဆင်သင့်ရှိနေကြောင်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဂရုပြုနေထိုင်ရန် MOHS သတိပေး

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် - ၁၉ ရောဂါပိုး၊ Human meta pneumo virus (HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေ-းငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ကူးစက်ရောဂါများသည် ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှထွက်ရှိသည့် အစက်အမှုန်များ(Droplets) မှတဆင့် ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071