ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့

0
93

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ် တန်ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ ဇွန်လ (၃၀) ရက် အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံမက်ထရစ်တန် ၆၁၃၇၂ ဒသမ ၇၄၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့ကြောင်း သိရသည်။

ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၄၇၄၂ ဒသမ ၄၅၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၇၅၉ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၆၆၃၀ ဒသမ ၂၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ် လာ ၂၀ ဒသမ ၆၅၂ သန်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ၃၅၂၀၀ ဒသမ ၁၆၂ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၀၄ သန်းရရှိခဲ့သည်။

ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here