လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီးကို အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည် တည်ဆောက်မည်

0
106

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကြီးကို (၁)ထပ်ဆိုင်ခန်း (၃၀၀)ခန်း၊ (၈)ခန်းတွဲ (၆၇၂)ခန်း၊ (၆)ခန်းတွဲ (၁၂၄)ခန်း၊ အစားသောက်တန်း(၅၄)ခန်းတို့ဖြင့် အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လွိင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးကြီးသည် ပြည်နယ်၏ အထင်ကရဈေးတစ်ခုဖြစ်ကာ ဒေသနေပြည်သူများ၏ အဓိကရောင်းဝယ်ဖောက်ကားရာ ဈေးကြီးတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်က လက်နက်ကိုင် ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ ရောင်းဝယ် ဖောက်ကားနိုင်ရေး ဇွန် (၁၅) ရက်က ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သီရိမင်္ဂလာဈေး (တောင်ဈေး)၏ မီးလောင်ပြင် မြေနေရာအား ရှင်းလင်းခြင်းနှင့် အဆင့်မြင့်ဈေးအသစ် အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေး ကြိုတင်ပြင်ဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။

သီရိမင်္ဂလာဈေးအဆင့်မြင့် ဈေးသစ် ပြန်လည်တည်ဆောက်နိုင်ရန် ပန္နက်တင်အခမ်းအနားကို ဇူလိုင်(၁၇)ရက်က ကျင်းပခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များတက်ရောက် ပန္နက်တင်ခဲ့ကြသည်။

ထိုနောက် ဈေးသစ်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သီရိမင်္ဂလာဈေး(တောင်ဈေး) အဆင့်မြှင့်တင် တည်ဆောက်နေစဉ် ကာလအတွင်း ပြည်သူများ အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားနိုင်ရန် သီရိမင်္ဂလာ(ယာယီ) ဈေးဆောက်လုပ်ပေးနေမှု အခြေအနေများနှင့် ဈေးဖွင့်လှစ်ရောင်းချနေမှုတို့အား သွားရောက်ကြည့်ရှုပြီး ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here