ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ နောက် (၁၂) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်မည်

0
127

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၁၂) နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

ယင်းဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေအားအလွန်ကောင်းနေပြီး ယနေ့မှစ၍ ဇူလိုင်(၂၅)ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအချို့တွင် မိုးကြီးနိုင်ကြောင်းသိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့မိုးရွာသွန်းခြင်းများဖြစ်ပေါ်၍ ဒေသအလိုက်မိုးသည်းထန်ခြင်းနှင့် ထူးကဲ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာပြည်တောင်ပိုင်း မွန်၊ကရင်၊တနင်္သာရီ မိုးလေဝသစင်တာမှလည်းအသိပေးထားသည်။

ထို့အပြင် လျှပ်တပြတ်ရေကြီးခြင်း၊ မြေပြို‌၊ တောင်ပြိုခြင်း၊ မြစ်ရေ ၊ ချောင်းရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here