အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းပဋိပက္ခများတွင် အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်နေဟုဆို

0
402

အစ္စရေး၏ လုပ်ရပ်များကို သံတမန်ရေးအရ ဖုံးဖိထိန်ချန်ထားခြင်းကိုထောက်ရှုခြင်းအားဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ပဋိပက္ခတွင်သာမက ယူကရိန်းပဋိပက္ခတွင်ပါ တိုက်ရိုက်ပါဝင်နေခြင်း ထင်ရှားနေသည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က ပါလက်စတိုင်းအရေးအပါအဝင် အရှေ့အလယ်ပိုင်းဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လုပ်ရပ်တွေအတွက် သံတမန်ရေးအရ ဖုံးဖိထားပြီး လက်နက်နဲ့ ခဲယမ်းတွေ ပေးပို့ခြင်းအားဖြင့် အမေရိကန်က တိုက်ရိုက်ပတ်သက်ပါဝင်နေဆိုတာကို လူတိုင်းနားလည်ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့်လဲ ယူကရိန်းပဋိပက္ခမှာ တိုက်ရိုက် ရှုပ်ထွေးမှုတွေ ဖြစ်လာပါတယ်။ ထင်ရှားနေတဲ့ အဓိကအချက်ကတော့ အမေရိကန်ဟာ လူသားတွေရဲ့ အသက်ကို ကယ်တင်နေတာမဟုတ်ပဲ သူတို့ကျင်းပတော့မယ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ အမှတ်တွေ ပိုရအောင် လုပ်နေတာတွေတာသာ ဖြစ်ပါတယ်” လက်ဗရော့ဗ်က ဆိုသည်။

“အရှေ့အလယ်ပိုင်းမှာ မကြုံစဖူး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာဟာ လူသိများတဲ့ အမေရိကန် မူဝါဒရဲ့ အကျိုးဆက်တွေ ဒေသတွင်းမှာ အများကြီးဖြစ်နေတာကြောင့်ပါပဲ” ဟု လက်ဗရော့ဗ် က အလေးပေး ပြောကြားခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here