ဇူလိုင် (၂၂)ရက်မှစတင်၍ အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်

0
360

လာမည့် ဇူလိုင်လ (၂၂) ရက်မှ စတင်ကာ အငှားယာဉ်များ၊ ကျောင်းကားများ၊ (၂)တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety ဖြစ်စေရန် အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ ယာဉ်မှန်/ မမှန် စစ်ဆေးခြင်းပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့် ယာဉ်များကို ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇူလိုင် (၂၂)ရက်မှ စတင်၍ အငှားယာဉ်များ၊ ကျောင်းကားများ၊ (၂)တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေး တောင်ပိုင်း) (မန္တလေး မြောက်ပိုင်း) ရုံးများမှအပ ကျန်ရုံးများ အားလုံးတွင် ယာဉ်ပြန်လည် စစ်ဆေးရမည့် ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ်စစ်ဆေးခွင့်ပြုသွားမည် ဖြစ်သည်။

လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခွင့် မပြုထားကြောင်း သိရသည်။

ထို့ပြင် ကိုယ်ပိုင် လူစီးမော်တော်ယာဉ်များ၊ ၂ တန်အောက် လုပ်ငန်းသုံးယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် အထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲ မှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်၍ ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ နယ်ဝင်/ နယ်ထွက် မှတ်ပုံတင်ခြင်းများကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here