ထိုင်းမှာ လူသ–တ်မှု သံသယရှိ မြန်မာဇနီးမောင်နှံ တိမ်းရှောင်နေဟု ဆို

0
344

မြန်မာနိုင်ငံသား ဇနီးမောင်နှံဟာ နာခွန်ပါသွန်ရဲစခန်းမှာ တရားမဝင် ပြည်ဝင်မှုနဲ့ လာရောက်အဖမ်းခံကာ နေရပ်ပြန်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနှစ်ဦးဟာ တာ့ခ်ပြည်နယ်ကတဆင့် ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ လူသ–တ်မှုတစ်ခုမှာ သံသယရှိခံနေရတဲ့သူတွေဖြစ်နေပါတယ်။

အီရန်လူမျိုး စားသောက်ဆိုင် ပိုင်ရှင်နဲ့ ထိုင်း ဇနီးသည်တို့သ–တ်ခံရမှုမှာ‌ေ-သဆုံးခဲ့တဲ့ ဇနီးမောင်နှံရဲ့ အဖိုးတန်ပစ္စည်းတွေ ရယူလိုမှုနဲ့ သ—တ်ခဲ့တာလို့ စွပ်စွဲထားပြီး သူတို့ထံက ဘာပစ္စည်းတွေ ပါသွားတယ်ဆိုတာ ရဲက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Mojtaba Ghanbariazad (၆၄ နှစ်) နဲ့ ထိုင်းဇနီးသည် Thanaporn Poonprakhon (၄၉ နှစ်) တို့ကို တောင်ပတ္တယားဒေသရှိ သူတို့ရဲ့ စီးပွားလုပ်ငန်းအဆောက်အအုံမှာ အင်္ဂါနေ့က အသ—တ်ခံထားရလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယင်းအဆောက်အအုံ မြေညီထပ်မှာ သူတို့ရဲ့ Banoo Iranian စားသောက်ဆိုင်တည်ရှိပြီး သူတို့ရဲ့ အလေ-ာင်းတွေကိုတော့ ဒုတိယထပ်က သူတို့အိပ်ခန်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အီရန်အမျိုးသားရဲ့ အလေ-ာင်းဟာ ခါးအောက်ပိုင်း အဝတ်ဗလာကျင်းဖြစ်ပြီး ဘောင်းဘီရှည်နဲ့ လည်ပင်းညှ–စ်သ—တ်ထားတယ်လို့ ရဲက ယုံကြည်ထားပါတယ်။ အမျိုးသမီးဖြစ်သူဟာလည်း အဝတ်ဗလာကျင်းဖြစ်နေပြီး ပလပ်စတစ်ကြိုး၊ အားသွင်းကြိုးတွေနဲ့ ချ-ည်နှေ-ာင်လျက်သား ‌ေ-သဆုံးနေတာတွေ့ခဲ့ကြပါတယ်။ လူသ—တ်မှုမှာ အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့ တူတစ်ချောင်းကိုလည်း အိပ်ခန်းထဲမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် စကားများအငြင်းအခုံတွေဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာ မြန်မာ ဇနီးမောင်နှံက ပိုင်ရှင်တွေရဲ့ ဆိုင်ကယ်နဲ့ စားသောက်ဆိုင်ကနေ ထွက်သွားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ နောက်ပိုင်းမှာ ဆိုင်ကယ်ကို စွန့်ပစ်ထားခဲ့ပြီး ဘန်ကောက်ကို တက္ကစီနဲ့သွားပြီးနောက် နာခွန်ပါသွန်ကို ခရီးဆက်ခဲ့ကြကြောင်း သိရပါတယ်။

သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ နာခွန်ပါသွန်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပြီး မြန်မာပြည်ကို ပြန်လိုတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ရဲက သူတို့ကို တရားမဝင်ပြည်ဝင်မှုနဲ့ဒဏ်ရိုက်ပြီးနောက် မြန်မာနဲ့နယ်စပ် မဲဆောက်ခရိုင်ကို ပို့လိုက်ကြပါတယ်။

သံသယရှိသူနှစ်ဦးဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး တိမ်းရှောင်သွားဖွယ်ရှိတယ်လို့ ရဲက ပြောဆိုခဲ့ပြီး ၎င်းတို့နှစ်ဦး ဖမ်းဆီးရမိရေးအတွက် ထိုင်းအာဏာပိုင်တွေက မြန်မာဘက်က တာဝန်ရှိသူတွေကို အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။

‌ေ-သဆုံး ထိုင်းအမျိုးသမီးရဲ့ သမီးဖြစ်သူက ရဲထံ ထွက်ဆိုချက်အရ သူမရဲ့ မိခင်မှာ မြန်မာဝန်ထမ်းအမျိုးသားနဲ့ ၎င်းရဲ့ဇနီးဖြစ်သူတို့ရှိပြီး အဆောက်အအုံအပေါ်ထပ်မှာ နေထိုင်ကြောင်း၊ ငွေကြေးပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး အီရန်အမျိုးသားဟာ ဝန်ထမ်းတွေကို ဆူပူကြိမ်းမောင်းတာတွေလုပ်လေ့ရှိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here