အမျိုးသမီးချန်ပီယံ မြဝတီအသင်း အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

0
234

လက်ရှိ ပြည်တွင်း အမျိုးသမီးချန်ပီအသင်း တစ်သင်းဖြစ်သည့် မြဝတီအသင်းသည် အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ ခြေစစ်ပွဲအား လာမည့် ဩဂုတ်လ (၂၅)ရက်မှ (၃၁) ရက်အတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ Al nassr အသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် မြဝတီ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ၂၀၂၄ -၂၀၂၅ အာရှ အမျိုးသမီး ချန်ပီယံလိဂ် ပွဲထွက်ဇယားအရ Preliminary stage အုပ်စု (A)တွင် ကျရောက်နေပြီး လာအိုကလပ် Young Elephants အသင်း၊ ယူအေအီးကလပ် Abu Dhabi Country အသင်း၊ ဆော်ဒီကလပ် Al nassr အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Preliminary stage ကို အုပ်စု(၄) ခုခွဲထားပြီး အဆိုပါ အုပ်စုတစ်ခုစီမှ အုပ်စုဗိုလ် အသင်းများသာ အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။

မြဝတီ အမျိုးသမီး အသင်းအနေဖြင့် Preliminary stage အား ကျော်ဖြတ်နိုင်ခဲ့ပါက နောက်ဆုံးအဆင့် ပြိုင်ပွဲ အုပ်စု (A) သို့ တက်ရောက် ကစားရမည်ဖြစ်ကြောင်း MFF ၏ အသိပေးချက်အရ သိရသည်။

ယခုနှစ်အတွင်း ပြည်တွင်းချန်ပီယံကလပ်အချို့နှင့် U-17 U-19 U-20 အသင်းများ ပြည်ပသို့ထွက်ခွာ၍ နိုင်ငံတကာပြိုင်ပွဲများအတွက် ခြေစစ်ပွဲစဥ်များ ခပ်စိတ်စိတ် ကစားလာခဲ့ရသည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here